SNOWFOX 3PD အကောင်းဆုံး ကျင့်ထုံးများ

ရပ်နားချိန်နှင့် ပစ္စည်းအသင့်ရှိရေး

ရည်မှန်းချက်- ဦးတည်သတ်မှတ်ချက်များမှာ ရပ်နားချိန်အတွက် အားလုံးပေါင်း 17% (တစ်နေ့လျှင် 1:25 နာရီ) နှင့် အလုပ်အများဆုံး အချိန် (မနက် 11 နာရီ-နေ့လည် 2 နာရီနှင့် ညနေ 4 နာရီ-ညနေ 7 နာရီ) အတွင်း 5% (တစ်နေ့လျှင် 17 မိနစ်) ဖြစ်ပါသည်။ ပစ္စည်းအသင့်ရှိရေး ဦးတည်သတ်မှတ်ချက်မှာ 96% (ပစ္စည်း 2 ခုထက်မပိုရန်) ဖြစ်ပါသည်။

ဆူရှီ စားဖိုမှူး ဆောင်ရွက်ရန်-

• ဆူရှီ စားဖိုမှူးသည် ဈေးရောင်းချမှု ပလက်ဖောင်း၏ လုပ်ငန်းဆောင်ရွက်ချိန်ဖြစ်သည့် နေ့စဉ် မနက် 10:30 – ညနေ 7 နာရီအတွင်း အသင့်ရှိနေရပါမည်။

o တစ်နေ့တာ ကုန်ဆုံးချိန်တွင် တက်ဘလက်ကို မပိတ်ထားပါနှင့်။ အတည်ပြုထားသော အကြောင်း ပြချက်ဖြင့် (ညနေ 7 နာရီ မတိုင်မီ) စောစောပြန်မှသာ ပိတ်ထားပါ။ တက်ဘလက်သည် လုပ်ငန်း ဆောင်ရွက်ချိန် ပြင်ပတွင် အော်ဒါများ လက်ခံမည် မဟုတ်ပါ။

o တက်ဘလက်အနီးတွင် မရှိသည့်အခါတိုင်း အော်ဒါမှာယူခြင်းကို ပိတ်ထားပါ။

o ကြားခံဆောင်ရွက်သူ၏ ပေးပို့မှု မီနူး အမျိုးအမည် အပြည့်အစုံကို လုပ်ငန်းဆောင်ရွက်ချိန်အတွင်း ရရှိအောင် သေချာစီစဉ်ပါ။

 Expo တက်ဘလက်တွင် ပစ္စည်းပြတ်လပ်မှု မီနူးကို တစ်နေ့တာလုံး စီမံခန့်ခွဲပါ။ ပစ္စည်းတစ်ခုကို စနစ်ထဲတွင် ပစ္စည်းပြတ်လပ်မှု မသတ်မှတ်ထားလျှင် ဖောက်သည်များက အော်ဒါမှာယူ၍ ရနိုင်သေးသည့်အတွက် ပစ္စည်းများ အော်ဒါပယ်ဖျက်ခြင်း သို့မဟုတ် ပျောက်နေခြင်းတို့ ရှိလာပါမည်။

ရှောင်ရှားနိုင်သည့် အော်ဒါပယ်ဖျက်မှုများ

ရည်မှန်းချက်- ဦးတည်သတ်မှတ်ချက်မှာ စုစုပေါင်းအော်ဒါများ၏ 0.3% အောက်ဖြစ်ရန် – 0% ကိုရည်မှန်းရန်။

ဆူရှီ စားဖိုမှူး ဆောင်ရွက်ရန်-

• လာယူရန် စောင့်ဆိုင်းနေသော လက်ရှိအော်ဒါတစ်ခု ရှိပါက ထိုအချိန်အတောအတွင်း အရောင်းဆိုင်မှ ထွက်မသွား ပါနှင့်။ (တစ်မိနစ်ခန့်မျှသာဖြစ်စေ ထွက်သွားလျှင်ပင်) သင်မရှိချိန်တွင် ပစ္စည်းလာယူသူ ရောက်လာပါက အော်ဒါ ပယ်ဖျက်သွားနိုင်ပါသည်။

• တက်ဘလက်အနီးတွင် မရှိသည့်အချိန်တိုင်း အော်ဒါမှာယူခြင်းကို ပိတ်ထားပါ။

o ကျွန်ုပ်တို့သည် “အလိုအလျောက် လက်ခံ” သည့်အတွက် တက်ဘလက် ဖွင့်ထားပါက အော်ဒါဝင်လာလျှင် လက်ခံလိုက်ပြီး ပစ္စည်းလာယူသူက ရောက်လာပါလိမ့်မည်။ အော်ဒါ လွှဲပြောင်းရန် မည်သူမျှ မရှိပါက အော်ဒါပယ်ဖျက်မှု ဖြစ်လာပါမည်။

 Expo တက်ဘလက်တွင် ပစ္စည်းပြတ်လပ်မှု မီနူးကို တစ်နေ့တာလုံး စီမံခန့်ခွဲပါ။ ပစ္စည်းတစ်ခုကို စနစ်ထဲတွင် ပစ္စည်းပြတ်လပ်မှု မသတ်မှတ်ထားလျှင် ဖောက်သည်များက အော်ဒါမှာယူ၍ ရနိုင်သေးသည့်အတွက် အော်ဒါပယ်ဖျက်ခြင်း ရှိလာပါမည်။

o ပစ္စည်းလာယူသူထံ လွှဲပေးလိုက်သည့် အော်ဒါတိကျမှု ရှိစေရန် အော်ဒါများကို အထပ်ထပ် စစ်ဆေးပါ။ 3PD တံဆိပ်များကို အသုံးပြုပါ။

ပျောက်နေခြင်း/မှားယွင်းခြင်း

ရည်မှန်းချက်- ဦးတည်သတ်မှတ်ချက်မှာ စုစုပေါင်းအော်ဒါများ၏ 1.5% အောက်ဖြစ်ရန်။

ဆူရှီ စားဖိုမှူး ဆောင်ရွက်ရန်-

 ပစ္စည်းလာယူသူထံ လွှဲပေးလိုက်သည့် အော်ဒါတိကျမှု ရှိစေရန် အော်ဒါများကို အထပ်ထပ် စစ်ဆေးပါ။ 3PD တံဆိပ်များကို အသုံးပြုပါ။

o ထုတ်ကုန်ပစ္စည်းသည် ကျွန်ုပ်တို့၏ သန့်ရှင်းလတ်ဆတ်မှု စံချိန်စံညွှန်းများအတိုင်း ပြည့်မီအောင်ပြုလုပ်ပါ။

o တူများ၊ ပဲပိစပ်ဆော့များ စသည့် အရန်ပစ္စည်းအားလုံး အော်ဒါထဲတွင် ပါဝင်အောင် အတည်ပြုပါ။

 

ပစ္စည်းလာယူသူ စောင့်ဆိုင်းချိန်

ရည်မှန်းချက်- ဦးတည်သတ်မှတ်ချက်မှာ 7 မိနစ်အောက် ဖြစ်ပါသည်

 ဆူရှီ စားဖိုမှူး ဆောင်ရွက်ရန်-အော်ဒါ အသေးစိတ် မျက်နှာပြင်ပေါ်တွင် ဖော်ပြထားသော “အသင့်ဖြစ်ရန်အချိန်” မတိုင်မီ အော်ဒါ အသင့်ဖြစ်အောင်လုပ်ပါ။

o ပစ္စည်းလာယူသူကို လွှဲပြောင်းပေးချိန်၌ ၎င်းတို့၏ လက်ကိုင်စက်ထဲ၌ အော်ဒါလက်ခံပြီးကြောင်း အတည်ပြုခိုင်းပါ။

စားသုံးသူ အဆင့်သတ်မှတ်ချက်များ

ရည်မှန်းချက်- ဦးတည်သတ်မှတ်ချက်မှာ ကြယ်ပွင့် 4.7 နှင့်အထက်ဖြစ်ပါသည်

ဆူရှီ စားဖိုမှူး ဆောင်ရွက်ရန်-

 ကြေညာထားသော အချိန်အတွင်း ကျွန်ုပ်တို့သည် ဆိုင်ဖွင့်ထားခြင်း၊ ပစ္စည်းအသင့်ရှိခြင်း၊ အော်ဒါများ တိကျခြင်း၊ အချိန်မီခြင်းနှင့် သန့်ရှင်းလတ်ဆတ်ခြင်းတို့ဖြင့် စားသုံးသူ အဆင့်သတ်မှတ်ချက် 4.7 နှင့်အထက်ကို အနည်းဆုံး ဦးတည်သတ်မှတ်ပြီး ရရှိအောင်ကြိုးစားပါမည်။ 

ပေးပို့မှုသင်တန်းအတွက် အဆင်သင့်

Use the QR code to access the training on your mobile device.သင့်မိုဘိုင်းကိရိယာဖြင့် သင်တန်းသို့ ဝင်ရောက်ရန် QR code ကို အသုံးပြုပါ။